page-loading

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဆောင်ရွက်ရေးကဏ္ဍ

၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် မြန်မာ့ခရီးသွားဘဏ်သည် ဦးစီးပဓာန၊ နာယက ဆရာတော် ဒေါက်တာ အရှင်ပညောဘာသ၏ ပန်းပျိုးလက် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းရှိ ရဟန်းသံဃာများနှင့် ကလေးများအတွက် လိုအပ်သော အစားအသောက်၊ လှူဖွယ်ဝတ္တုငွေ၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ် လှူဒါန်းခဲ့ပါသည်။

  • မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အလေးထားလှုပ်ရှားဆောင်ရွက်မှုအနေဖြင့် (ဝါးပင် ၇၀၀ နှင့် အာကေးရှား ၁၃၀၀ ပင်)အပါအဝင် အပင် ၂၀၀၀ ကို စိုက်ပျိုးလှူဒါန်းမှုပြုခဲ့ပါသည်။

  • လူမှုအသိုက်အဝန်းအတွင်း အပြန်အလှန်အလေးထားခြင်း

ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကလေးများမှ ဇွန်လတွင် မွေးဖွားသည့် MTB ဝန်ထမ်းများ၏ မွေးနေ့အား တစုတစည်းတည်း ကျင်းပခဲ့ခြင်းဖြင့် အပြန်အလှန်ဂရုပြုသော လူမှုအသိုင်းအဝိုင်း စိတ်ဓာတ်နှင့် ဘဏ်၏ လူမှုရေးနှင့် ပညာရေး ကဏ္ဍများအပေါ် အလေးထားဆောင်ရွက်မှု အပေါ် တုန့်ပြန်ထင်ဟပ်စေခဲ့ပါသည်။

04 June 2024

နောက်ဆုံးရသတင်းများ

csr-bl
Scam Awareness

၁။ မလိုလားအပ်သောအရာများပိတ်ပင်ခြင်း မလိုလားအပ်သော အီးမေးလ်များကို spam Folder သို့ စိစစ်ပယ်ဖျက်ပြီး မလိုလားအပ်သော ခေါ်ဆိုမှုများနှင့် စာတိုများကို ပိတ်ပင်ပါ။   ၂။ ဖိအားပေးခြင်း သို့မဟုတ် ခြိမ်းခြောက်မှုများကိုဖြေရှင်းဆောင်ရွက်ခြင်း ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ သို့မဟုတ် ငွေကြေးများကို တောင်းဆိုသောသူများမှ ဖိအားပေးခြင်း သို့မဟုတ် ခြိမ်းခြောက်မှုများကို အာရုံမစိုက်ပါနှင့်။ ခေါ်ဆိုမှုကို ပိတ်လိုက်ပါ သို့မဟုတ် တုံ့ပြန်ရန် မလိုပါ။   ၃။ မိမိ၏ ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များကိုထိန်းသိမ်းခြင်း မိမိ၏ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များ သို့မဟုတ် ငွေကြေးဆိုင်ရာ အချက်အလက်များကို မည်သူ့ကိုမှ မပေးပါနှင့်။   ၄။ သတင်းအချက်အလက်များ မပေးပို့ခင် စဉ်းစားခြင်း တစ်စုံတစ်ယောက်မှ ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်များ ပေးပို့ခြင်းကို ချက်ချင်းလုပ် ဆောင်ရန်ပြောဆိုပါက၊ စဉ်းစားသုံးသပ်ပြီး မေးမြန်းကြည့်ပါ၊ "တရားဝင် ကုမ္ပဏီတစ်ခုသည် ဒီလိုလုပ်လိမ့်မည်လား?" ဖြစ်နိုင်ခြေရှိ/မရှိစဉ်းစားပြီးမှသာ ဆက်လက်ဆောင် ရွက်ရန်။   ၅။ သက်ဆိုင်ရာကုမ္ပဏီမှ တရားဝင်ပေးပို့ခြင်း ဟုတ်/မဟုတ် အတည်ပြုစစ်ဆေးခြင်း အီးမေးလ်များနှင့် စာတိုများမှ လင့်များကို နှိပ်ရန် သို့မဟုတ် သင့်အားပေးထားသော နံပါတ်များကို ခေါ်ရန် မလုပ်ပါနှင့်၊ ကုမ္ပဏီ၏ တရားဝင် ဝဘ်ဆိုဒ် သို့မဟုတ် Call Center သို့မဟုတ် Compliance Center သို့ ဆက်သွယ်ရန်အချက်အလက်များကို အသုံးပြုပါ။   ၆။ သံသယရှိသော မေးခွန်းများကို ဖြေရှင်းဆောင်ရွက်ခြင်း တစ်စုံတစ်ဦးမှ မိမိ၏ အကောင့်အား အချိန်အတိုင်းအတာတစ်ခုထိ အသုံးမပြုရန် ပြောပါက တရားဝင် Call Center သို့မဟုတ် Compliance Center သို့မဟုတ် အနီးစပ်ဆုံးရှိ ဘဏ်မှ တာဝန်ရှိသူနှင့် တိုင်ပင်ဆွေးနွေးရန်။   ၇။ ငွေကြေးလိမ်လည်တောင်းခံခြင်းများအတွက် အသိပေးဆောင်ရွက်ခြင်း Digital Banking Product တစ်မျိုးမျိုးကို အသုံးပြု၍ ငွေကြေးလွှဲပြောင်းပေးရန် သံသယရှိသူမှ ပြောဆိုလာခြင်းကို လွှဲပြောင်းပေးမိပါက မိမိ၏ ငွေကြေးများ ဆုံးရှုံးမည်ဖြစ်ပါသည်။       ၈။ သံသယဖြစ်စရာ ဖုန်းခေါ်ဆိုမှုများ၊ အီးမေးလ်များနှင့် စာတိုများကို ရရှိပါက အောက်ပါအတိုင်းဆောင် ရွက်ရန် (က)    လိမ်လည်သူများသည် ဖုန်းနံပါတ်များကို မသမာသောနည်းဖြင့် ရရှိပြီး MTB သို့မဟုတ် အခြား  ယုံကြည်ရသော ကုမ္ပဏီများမှ ဖုန်းခေါ်ဆိုမှုအဖြစ် သင့်ကိုယ်ရေးကိုယ်တာ အချက်အလက်  များပေးရန် ဖိအားပေးနိုင်သည်၊ အကူအညီတောင်းနိုင်သည် သို့မဟုတ် ချက်ချင်းငွေတောင်း နိုင်သည်။   (ခ)      ယုံကြည်စိတ်ချရသည့် အီးမေးလ်များကဲ့သို့ပင် မြင်ရသော်လည်း စာလုံးပေါင်း အမှား သို့မဟုတ် စာစီစာကုံးအမှားများ ပါဝင်သော အီးမေးလ်များကို သတိပြုပါ။ ၎င်းတို့သည် သင်ကို  တုံ့ပြန်ရန်၊ လိမ်လည်နံပါတ်ကို ခေါ်ရန် သို့မဟုတ် ဝဘ်ဆိုဒ်သို့ သွား၍ ကိုယ်ရေးကိုယ်တာ  အချက်အလက်များဖြည့်ရန် တောင်းနိုင်သည်။ လိမ်လည်သူများသည် သင့်ကွန်ပျူတာကို  ဝင်ရောက်သုံးစွဲနိုင်ခြင်းမရှိစေရန် ပေးပို့လာသော ဖိုင်များကို မဖွင့်ပါနှင့်။   (ဂ)      ပေးပို့သူကို မသိရှိပါက အီးမေးလ်များ သို့မဟုတ် စာတိုများတွင်ရှိသော လင့်များကို မနှိပ်ပါ နှင့်။ MTB သည် သင်၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မည်သည့်အခါမှ ဖုန်းခေါ်  ဆိုခြင်း၊ အီးမေးလ်ပို့ခြင်း သို့မဟုတ် စာတိုပို့ခြင်းဖြင့် မတောင်းဆိုပါ။ သံသယရှိပါက Call Center ဖုန်းနံပါတ် သို့မဟုတ် တရားဝင် Website ပါ ဖုန်းနံပါတ်တို့ကို ခေါ်ဆိုပါ။   ၉။ အွန်လိုင်းလိမ်လည်မှုများကို ကာကွယ်ရန် အကြံပေးချက်များ (က)    မိမိ၏ Pin Number (လျှို့ဝှက်နံပါတ်) များကို ခက်ခဲသော စကားဝှက် သို့မဟုတ် စကားစုများ ကို အသုံးပြုပါ။ (NRC Number နှင့် Date of Birth Number များကိုအသုံးမပြုရန်) (ခ)      Virus တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် Software သို့မဟုတ် Application ကို အမြဲ Updatedလုပ်ရန်။ (ဂ)      Public Wifi များကို အသုံးမပြုရန်။ Public Wifi များမှ လိမ်လည်သူများသည် သင်၏ ဒေတာကို ရယူသွားနိုင်ပါသည်။ (ဃ)    ကိုယ်ရေးကိုယ်တာ အချက်အလက်များ ထည့်ရန်မပြုမီ တရားဝင် Website ဟုတ်မဟုတ် စစ်ဆေးပါ။ (င)      လူမှုကွန်ရက်များတွင် သင်၏အချက်အလက်များကို မည်သူ့ကိုမျှဝေနေသည်ကို သတိပြုပါ။ (စ)      ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းသည် သင့်ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုကို 24/7စီမံခန့်ခွဲနိုင်စေသည်။ဘဏ်လက်ကျန် စစ်ဆေးခြင်း၊ စာရင်းရွှေ့ပြောင်းခြင်းနှင့် ဘေလ်ပေးဆောင်ခြင်းများကို အချိန်တိုင်းပြုလုပ်နိုင်သည်။ ထို့ကြောင့် သင့်ငွေကြေးအကောင့်များကို အမြဲတမ်း two-factor authentication (2FA) ကို အသုံးပြု၍ကာကွယ်ပါ။ ၁၀။  ဝန်ဆောင်မှုပေးသည့်လမ်းကြောင်း (Delivery Channel) ကြောင့်ဖြစ်ပေါ်ခြင်း ဝန်ဆောင်မှုပေးသည့် လမ်းကြောင်းသည် Digital နည်းပညာဖြင့် ဝန်ဆောင်မှုပေးခြင်းဖြစ်၍ ၎င်းနည်းပညာကို အခြေပြု၍ မသမာသူများမှ ဖော်ပြပါနည်းလမ်းများဖြင့် လိမ်လည်မှုများကို ကျူးလွန်လျက် ရှိပါသည်။ (က)    မသမာသူမှ Customer ၏ Email သို့ Email Address အတုများဖြင့် Link များပေးပို့ခြင်း။ (ခ)      မသမာသူမှ Customer ၏ Mobile Handset အား ခိုးယူခြင်း၊ ကောက်ရခြင်း ဖြစ်ပေါ်၍  ပိုင်ရှင်၏ ဘဏ်လုပ်ငန်းဆိုင်ရာအကောင့်များကို ဝင်ရောက်အသုံးပြုခြင်း။ (ဂ)      မသမာသူမှ Customer ၏ မိုဘိုင်းလ်ဆင်းကဒ်နံပါတ်ကို သိရှိ၍ သက်ဆိုင်ရာဆက်သွယ်ရေးဝန်ဆောင် မှုရုံးတွင် ဆင်းကဒ်ပျောက်ဆုံးလျှောက်ထားပြီး ဆင်းကဒ်ရရှိပါက မသမာမှုများ ဆက်လက်လုပ်ဆောင်ခြင်း။ (ဃ)    မသမာသူမှ ဘဏ်အရာရှိဟန်ဆောင်ကာ Account Maintenances ပြုလုပ်ပါမည်ဟု သုံးနှုန်း၍ Customer ၏ လျှို့ဝှက်နံပါတ်များ တောင်းခံ၍ လိမ်လည်ခြင်း။ (င)      Online Shopping Page အတုများမှ ပစ္စည်းများရောင်းချ၍ ငွေပေးချေစေပြီး ပစ္စည်းများမပို့ပဲလိမ်လည်ခြင်း။   ၁၁။ လိမ်လည်မှုခံရခြင်းဖြစ်ပေါ်ပါက အောက်ပါအတိုင်းဆောင်ရွက်ရမည်          လိမ်လည်ထုတ်ယူခြင်းခံရသူ (လိမ်လည်ခံရသူ) သည် မိမိ၏ မိုဘိုင်းငွေကြေးစာရင်းမှ ငွေများလိမ်လည် ခြင်းခံရပါက အောက်ပါတို့ကို ဆောင်ရွက်ရမည်- (က)    သက်ဆိုင်ရာမိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုပေးသည့် ဘဏ်နှင့် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသည့် အဖွဲ့အစည်း၏ စုံစမ်းမေးမြန်းသည့်စင်တာ (Call Center)၊ တိုင်တန်း ချက်လက်ခံသည့်စင်တာ (Complaint Center) သို့ ချက်ချင်းဆက်သွယ်အကြောင်းကြားရ             မည်။ (ခ)      ဆက်သွယ်အကြောင်းကြားချက်အရ စုံစမ်းမေးမြန်းသည့်စင်တာ(Call Center)၊ တိုင်တန်းချက် လက်ခံသည့်စင်တာ  (Complaint Center) မှ လိုအပ်၍ တောင်းခံသည့်အချက်အလက်များကို ချက်ချင်းပံ့ပိုးပေးရမည်၊ (ဂ)      သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် သွားရောက်အမှုဖွင့်ရမည်။ (ဃ)    သက်ဆိုင်ရာနယ်မြေရဲစခန်းသည် မိုဘိုင်းငွေကြေးစာရင်းမှငွေများ လိမ်လည်ခံရသူ၏ တိုင် တန်းချက်ကို လက်ခံရရှိပါက ချက်ချင်းအမှုဖွင့်လှစ်ဆောင်ရွက်ပေးရမည်။ အမှုဖွင့်လှစ်သည့်             နယ်မြေရဲစခန်းက အမှုဖွင့်လှစ်ပြီးသည်နှင့် ချက်ချင်းဖုန်းဖြင့်ဖြစ်စေ၊ ဖက်စ် (fax) ဖြင့်ဖြစ်စေ၊  အီးမေးလ် (e-mail) ဖြင့်ဖြစ်စေ မြန်မာ့ခရီးသွားဘဏ်သို့ အကြောင်းကြား ရမည်။ (င)      MTB Bank သည် စစ်ဆေးပြီးမှန်ကန်ပါက တိုင်ကြားသူ၊ လိမ်လည်သူဟု သံသယရှိသူနှင့်  ဆက်နွယ်သူတို့၏ ငွေစာရင်းများ ယာယီတားဆီးခြင်းကို ၇၂ နာရီကြာထိန်းသိမ်းထားရှိပေး မည်ဖြစ်သည်။

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်ခြင်း

မြန်မာ့ခရီးသွားဘဏ်သည် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများကို ကူညီထောက်ပံ့ရန် ကွဲပြားခြားနားသော နည်းလမ်းများဖြင့် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ COVID-19 ကာကွယ်ရေး အသိပညာပေး လုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့ပြီး ရန်ကုန်မြို့နှင့် အခြားဒေသများရှိ ဆေးရုံများသို့ ကုသရေးအထောက်အပံ့များ၊ ရောဂါကာကွယ်ရေး သုံးပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။ အဆိုပါ လှူဒါန်းမှုများသာမက မြန်မာ့ခရီးသွာဘဏ်သည် ၎င်း၏ ဌာန၊ ဘဏ်ခွဲအသီးသီးရှိ ဝန်ထမ်းများအတွက် COVID-19 ကာကွယ်ရေး နှာခေါင်းစီး၊ လက်အိတ်၊ အားဆေးများနှင့် ဆေးဝါးများ ကူညီထောက်ပံ့ပေးခဲ့ပါသည်။

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow
csr-bl
သွေးလှူဒါန်းခြင်း (ဩဂုတ်-၂၀၂၄)

MTB Pay Digital Wallet ဝန်ဆောင်မှု စတင်မိတ်ဆက်သည့်ဂုဏ်ပြုအထိမ်းအမှတ် အနေဖြင့် မြန်မာ့ခရီးသွားဘဏ် (ရုံးချုပ်) အကြီးအကဲများ နှင့် ဝန်ထမ်းများမှ ၂၀၂၄ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားသွေးလှူဌာန၌ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွက် အဓိပ္ပာယ်ပြည့်ဝသော လှူဒါန်းမှုတစ်ရပ်အဖြစ် စုပေါင်း သွေးလှူဒါန်းခဲ့ကြပါသည်။

အသေးစိတ်ကြည့်ရှု့ရန် read-more-arrow